Celebrity

အောင်ဘာလေထီဆု (၂) ဆု တပြိုင်တည်း ပေါက်သွားခဲ့တဲ့ ရွှေပိုးအိမ်

Befunky Collage214e12 (1)


Befunky Collage214e12 (5)






Befunky Collage214e12 (2)
Befunky Collage214e12 (1)

သရုပ်ဆောင် ရွှေပိုးအိမ်က (၁၀) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာ ထီဆု (၂) ဆုကို ကံထူးသွားခဲ့ပါတယ်။

မြန်မာဆန်ဆန်အလှတရားတွေနဲ့ ကျက်သရေရှိရှိ အမြဲလှပနေတဲ့ သရုပ်ဆောင် ရွှေပိုးအိမ်က ဗီဒီယိုသရုပ်ဆောင်တစ်ဦးအဖြစ်လည်း အနုပညာလောကမှာ ရပ်တည်ခဲ့သူတစ်ဦးပါ။ ဗီဒီယိုရိုက်ကူးမှုတွေ လျော့ပါးသွားတဲ့နောက်မှာတော့ ပွဲတက်တွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ရိုက်ကူးခွင့်ရရှိလာခဲ့ပါတယ်။

ချစ်စရာကောင်းတဲ့ ရွှေပိုးအိမ်ဟာ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း သူမကို အခိုင်အမာ အားပေးတဲ့ Fan တွေကိုလည်း ပိုင်ဆိုင်ထားပြန်ပါသေးတယ်။

ယနေ့ ထွက်ရှိတဲ့ (၁၀) ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲမှာတော့ သရုပ်ဆောင် ရွှေပိုးအိမ်တစ်ယောက် ထီဆု (၂) ဆု တစ်ပြိုင်တည်း ပေါက်ခဲ့တာဖြစ်ပါတယ်။

ရွှေပိုးအိမ်က သူမထိုးထားတဲ့ ထီလက်မှတ်အတွဲလိုက်ထဲကနေပြီး (၅) သောင်းဆု (၂) ဆု ပေါက်သွားခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာလကတော့ ပျော်ရွှင်မှုတွေနဲ့အတူ သရုပ်ဆောင်ရွှေပိုးအိမ်ဆီကို အရောက်ပို့ပေးခဲ့ပြီပဲဖြစ်ပါတယ်။

Befunky Collage214e12 (4)

ရွှေပိုးအိမ်ရဲ့ ပရိသတ်တွေလည်း ဝမ်းသာကြည်နူးမိကြမယ်လို့ မျှော်လင့်ပါတယ်။

Facebook Comments

389 Shares

Comments are Closed

Powered by M.N.T