International News

iPhone 11 လိုချင်လို့ (၂)နှစ်အရွယ်တူမလေးကို ရောင်းစားတဲ့ အမျိုးသမီးရဲ့လုပ်ရပ်

Ip392348ii (1)

ပြီးခဲ့တဲ့ နိုဝင်္ဘာ(၂၃)ရက်က ဗီယက်နမ်နိုင်ငံ၊ An Giang Province စီရင်စုမှာ အမျိုးသမီးတစ်ယောက်ဟာ iPhone 11 လိုချင်တာနဲ့ သူမရဲ့တူမအရင်း လူမမယ်အရွယ်လေးကို ရောင်းစားခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်းကို WorldOfBuzz မှာ ဖော်ပြထားပါတယ်။

Ip392348ii (2)

ပြစ်မှုကျူးလွန်သူ အမျိုးသမီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး၊ အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ သူ့အမည်ကိုတော့ Hanh လို့ ဖော်ပြထားပြီး၊ သူမကို ကလေးမလေးရဲ့မိသားစုက ကလေးခေတ္တထိန်းပေးဖို့ အကူအညီတောင်းခဲ့တာပါ။ ကလေးရဲ့နာမည်ကိုတော့ Ng လို့ ဖော်ပြထားပါတယ်။

ဒီမတိုင်ခင်ကတည်းက အကြံနဲ့ Hanh ဟာ လူမှုကွန်ရက်ပေါ်မှာ Vinh အမည်ရလူနဲ့ အသိအကျွမ်းဖွဲ့ထားပြီး၊ အောက်တိုဘာ (၃၀)တုန်းက သူတို့တစ်တွေ ဗွီဒီယိုကော ပြောခဲ့ပါတယ်။ Hanh က Ng ဟာ အလွန်ချစ်စရာကောင်းကြောင်း ဆွယ်ခဲ့ပါတယ်။

နောက် Ng ကို ဖခင်က ပစ်သွားလို့ မွေးစားမယ့်သူမရှိဘူးလို့ လိမ်ခဲ့ပါတယ်။ မိခင်ရှိပေမယ့် မိခင်ကလည်း လောင်းကစားကိုသာ စိတ်ဝင်စားလို့ မိဘအသစ်မျှော်နေကြောင်း ဆွယ်ခဲ့တာပါ။ အဲဒိနောက် Vinh က ကလေးကို မွေးစားမယ့်အကြောင်း၊ ဘာလိုချင်လဲ မေးတော့ iPhone လိုချင်တယ်လို့ Hanh က ဖြေခဲ့ပါသတဲ့။

ဒီလိုနဲ့ သဘောတူညီမှုရရှိသွားပြီး Hanh ဟာ သူမရဲ့ ဆိုးရွားတဲ့အကြံအစည်ကို နိုဝင်္ဘာ(၂၃)မှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ သူမဟာ ကလေးအတွက် iPhone နဲ့ တိုက်ရိုက်လဲလှယ်ခဲ့ပြီး၊ ခရီးစာရိတ်အဖြစ် ဗီယက်နမ်ဒေါင် (၁.၅)သန်း ရယူခဲ့ပါတယ်။

Ip392348ii (3)

အဲဒီငွေပမာဏကတော့ မြန်မာငွေနဲ့ဆိုရင် (၉၇၀၀၀)လောက်သာ ရှိပါတယ်။ နောက်တော့ Ng ပျောက်နေကြောင်း မိဘတွေက ရိပ်မိခဲ့ပြီး၊ Hanh ကို မေးတော့ အိမ်ကို လာပို့ခဲ့ကြောင်း ဗြောင်လိမ်ခဲ့ပါတယ်။ နောက် ဆွေမျိုးတွေ မရိပ်မအောင် သူမကိုယ်တိုင် ရဲစခန်းကို အမှုသွားဖွင့်ခဲ့တာပါ။

ဒါပေမယ့် ရာဇဝတ်ဘေး ပြေးမလွတ်ဘူးဆိုတဲ့အတိုင်း နောက်ဆုံးမှာ Hanh ရဲ့အမှုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒီလိုပဲ ကလေးကို ဝယ်ယူခဲ့တဲ့ Vinh ကိုလည်း ဖမ်းဆီးခဲ့ပြီး၊ ကလေးကို မိဘတွေထံ ဘေးရန်ကင်းကင်းနဲ့ ပြန်အပ်နိုင်ခဲ့ပါတယ်။ Ving ဟ လောဘကြောင့် ထောင်နန်းစံရတော့မှာပါ။

Facebook Comments

3K Shares

Comments are Closed

Powered by M.N.T