အချစ်ဆိုတာ အင်မတန်ဆန်းကြယ်ပါတယ်… အချစ်မှာမျက်စေ့မရှိဘူးလို့ပြောဆိုနေကြတာတွေဟာ အမှန်တစ်ကယ်ပဲလား အခုတစ်ခါမှာတော့ အချစ်မှမျက်စေ့မရှိဘူးဆိုတာကို သက်သေပြလိုက်ပါပြီ… တစ်ကယ်ချစ်မိရင် ချောတာ လှတာတွေ မရှိတော့ဘူး

သူဘာလုပ်လုပ် ချစ်မိနေတတ်တာမျိုး ဖြစ်သွားတတ်ပါတယ်… အခုပြောပြချင်တာကတော့ ဖိလစ်ပိုင်နိုင်ငံက ကောင်မလေးနဲ့ သုံးဘီးဆရာတို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ
ကောင်မလေးက ဆယ်ကျော်သက်အရွယ် အင်မတန်ချောမောလှပပြီး သုံးဘီးဆရာကတော့ ကျောင်းသူလေးနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူးလို့တောင်ဆိုတောင်ပါတယ် သုံးဘီးမောင်းသမားလေးက ကျောင်းသူလေးကိုနေ့စဉ် ကျောင်းအပို့အကြိုလုပ်ရင်းကနေ အနေနီးစပ်ပြီး ချစ်ကျွမ်းဝင်ခဲ့ကြတာပါ


မေတ္တာစစ်လို့ပဲဆိုရမလား အနေနီးစပ်မှုနဲ့ စိတ်ကစားတတ်တဲ့အရွယ်လို့ပဲဆိုရမလား သူတို့နှစ်ဉီးကတော့ အင်မတန်ကိုချစ်ကြပါတယ်ဘ ပရိတ်သတ်ကြီးတို့အတွက် ထူးဆန်းတဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်မယ်လို့ ယုံကြည်လို့ တင်ဆက်ပေးလိုက်ပါတယ်
ပုံလေးတွေကိုကြည့်ပြီး မှတ်ချက်လေးတွေပေးသွားကြပါအုံးနော်