Knowledge


234e567yregb42









ချွေးနံ မနံပါစေ နဲ့ ။ အမွှေးနံ့သာ အနည်းငယ်လောက်လိမ်းချယ်နိုင်ရင်ပိုမိုကောင်းမွန်ပါတယ် ဘာကြောင့်လဲဆိုတော့ ဂုဏ်တော် တွေရဲ့ အစွမ်းကြောင့် နတ်ဗြဟ္မာ တွေကိုဆင့်ေ ခ်ါနိုင်သလိုပါပဲ သာမာန် လူသား ပုဂ္ဂိုလ် တွေနဲ့ဆုံတွေ့တဲ့အခါသေသေသပ်သပ်မရှိတဲ့သူကိုနှစ်သက်မှုမရှိနိုင်သလို စွမ်းအားမြင့်နတ်တွေအနေနဲ့ဆိုဘယ်လိုနေမလဲတွေးကြည့်ပေါ့ဗျာဒါကြောင့်မိမိရဲ့တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်မှုကအလွန်အရေးကြီးပါတယ်

(၂) အချိန်မှန်ရတယ်






234e567yregb42

ပဋ္ဌာန်း ရွတ်လို့ကံဆိုးသွားရတယ် ဆိုလို့ ပြောတာတွေ ကြားဖူးခဲ့တယ် .. ဘာဖြစ်လို့လဲ ဆိုတာ ဖတ်ကြည့်နော်

လူရယ်လို့ဖြစ်တည်လာပြီးလူလောကထဲမှာကျင်လည်ကြရတဲ့အခါ နေ့စဉ် နဲ့အမျှပြုမူလုပ်ဆောင်မှုတွေနှင့်တကွေ လာဘ ၊ ဒေါသ ၊ မောဟ တွေကတဆင့်မြစ်ဖျားခံဖြစ်ပေါ်လာခဲ့တဲ့အမျိုးမျိုးသောစိတ်သောကတွေ ၊ စီးပွားရေး ငွေကြေးအခက်အခဲလူမှုရေး ၊ ကျန်းမာရေး ၊ အချစ်ရေး ၊ ပညာရေး စတဲ့ အခက်အခဲ ဒုက္ခ တွေကိုရင်ဆိုင်ကြရတယ်နော်

အဲ့လိုအချိန်ခါမှာ ဗေဒင် ယတြာ အစီအမံတွေကိုယုံကြည်အားကိုးသူတွေကတော့ဟိုပန်းတွေဒီအညွှန့်တွေနဲ့သက်ဆိုင်ရာနေ့နံတွေကိုတွက်ချက်ပြီး ယတြာချေ ကြသလို ၊ နတ်ကိုးကွယ် ယုံကြည်သူ တွေကလည်းဆိုင်ရာပိုင်ရာ ရိုးရာနတ်တွေကိုပူဇော်ပသမှုတွေပြုလုပ်ကြတယ် ၊ တချို့သောထိုအရာတွေနဲ့အလှမ်းဝေးသူတွေကတော့သူတို့ဒုက္ခတွေကြုံရတဲ့အခါဘာသာရေးကိုတစိုက်မတ်မတ်ပြုမူလုပ်ဆောင်လာကြတယ်

ဒီအထဲမှာမှအချို့သောသူတွေဟာ ပဌာန်း ဂုဏ်တော် တွေကိုရွတ်ဆိုပူဇော်မှုပြုလုပ်ခြင်း ၊ ကိုးနဝင်း အဓိဌာန်ဝင်ခြင်းစသည့်ဘာသာရေးဆိုင်ရာတွေကိုကံကောင်းစေလာဖို့အတွက်ပြုလုပ်ကာမှပဲပိုမိုကံဆိုးပြီးအနှောင့်အယှက်များစွာကြုံလာခဲ့ကြတယ်။ သူတို့အနေနဲ့ကလည်း ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်နေလေသည်ကတစ်ကြောင်း တန်ခိုးအရာအစွမ်းထက်ပါတယ်ဆိုတဲ့ပဌာန်းဂုဏ်တော်ကိုရွတ်ဆိုခြင်းနဲ့ အဓိဌာန် ပုတီး တွေစိတ်ကာမှပဲပိုပြီးလုံးပါးပါးကုန်တဲ့အဖြစ်ကိုတွေ့ကြရတဲ့အခါ

မည်သူ့ကိုမှမပြောပဲဒီ ဘာသာေ ရးပဲဆက်လုပ်ရမလားရပ်လိုက်ရမလားဝေခွဲမရဖြစ်ကြရပါတယ် တစ်ချို့သောလူတွေကျ ပဌာန်း တော့မရွတ်ဖူးဒါပေမယ့် ဘာသာရေး ဆိုင်ရာအခြားသော ဂုဏ်တော် ရွတ်ဖတ်မှုတွေ လုပ်ပေမယ့်လည် းကံကောင်းလာခြင် းမရှိ ဖြစ်ကြရပါတယ်

ကျွန်တော် / ကျွန်မ အနေနဲ့ ဘာသာရေး ကိုဘယ်လိုလုပ်ကြောင်းဘုရားတရားဂုဏ်တော်တွေဘယ်လိုစီးဖြန်းပါကြောင်း သို့ပေမယ့်အဆင်မပြေဆုတ်ယုတ်နေတယ်ဆိုတာတွေကြားရကြုံရဖန်များလာလေတော့ထိုကိစ္စကိုအချိန်ယူပြီးလေ့လာမှတ်သားခဲ့ရတဲ့ ဆရာတော်ကြီး တွေရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ဆုံးမ သြဝါဒ တွေကိုပြန်လည်လေ့လာသုံးသပ်ကြည့်တဲ့အခါ အဖြေကိုသိခဲ့ရပါတယ်

တကယ်တော့လူအတော်များများဟာ ဘာသာရေး လုပ်ဆောင်မှုလုပ်တဲ့အခါအရေးကြီးတဲ့အချက်လေးတွေကိုမေ့လျော့ခဲ့ပြီးမှားနေခဲ့ကြလို့ပါပဲ။ ဒီလိုနဲ့ပဌာန်းဂုဏ်တော်တွေနဲ့တကွမည်သည့်ဂုဏ်တော်တွေကိုပဲမဆိုရွတ်ဆိုစီးဖြန်းတော့မယ်ဆိုရင်ကံဇာတာတွေကောင်းမွန်အောင် ၊ အခက်အခဲတွေပြေလည်အောင်ဘယ်လိုဘယ်ပုံရွတ်ဆိုပူဇော်ရမလဲလို့စဉ်းစားတဲ့အခါေ ကျးဇူးတော်ရှင် ( နဝမ ) ဗန်းမော် ဆရာတော်ဘုရားကြီးပြောဖူးတာလေးကိုသွားသတိရခဲ့တယ် ဒါ့ကြောင့်ဂုဏ်တော်တွေစီးဖြန်းတော့မယ်ဆိုရင်

(၁) အရင် မျက်နှာသစ် ခြေထောက်လက် ဆေးရပါတယ်။

ချွေးနံ မနံပါစေ နဲ့ ။ အမွှေးနံ့သာ အနည်းငယ်လောက်လိမ်းချယ်နိုင်ရင်ပိုမိုကောင်းမွန်ပါတယ် ဘာကြောင့်လဲဆိုတော့ ဂုဏ်တော် တွေရဲ့ အစွမ်းကြောင့် နတ်ဗြဟ္မာ တွေကိုဆင့်ေ ခါ်နိုင်သလိုပါပဲ သာမာန် လူသား ပုဂ္ဂိုလ် တွေနဲ့ဆုံတွေ့တဲ့အခါသေသေသပ်သပ်မရှိတဲ့သူကိုနှစ်သက်မှုမရှိနိုင်သလို စွမ်းအားမြင့်နတ်တွေအနေနဲ့ဆိုဘယ်လိုနေမလဲတွေးကြည့်ပေါ့ဗျာဒါကြောင့်မိမိရဲ့တစ်ကိုယ်ရေသန့်ရှင်းစင်ကြယ်မှုကအလွန်အရေးကြီးပါတယ်

(၂) အချိန်မှန်ရတယ်

တရား ဂုဏ်တော် တွေကိုအမြဲလိုလိုရွတ်ဆိုပူဇော်လာပြီဆိုရင်တရားနာချင်တဲ့ နတ်တွေ က အချိန်ကို တိတိကျကျမှတ်သားထားတတ်ပြီးရောက်ရှိလာတတ်ပါတယ်။ ဒါကြောင့်အချိန်မှန်ရမယ် တိကျရမယ်

(၃) ပီပီသသ ကျယ်ကျယ် ရွတ်ရမယ်

အချို့ကျပြန်တော့ ဂုဏ်တော် တွေရွတ်ဆိုတဲ့အခါပီသပါတယ် ကျယ်လည်းကျယ်ပါတယ် သို့ပေမယ့် ဂုဏ်တော် ရွတ်ဆိုပူဇော်တာနဲ့မတူပဲဒီ ဂါထာတော် ကို ၉ ခေါက်ရွတ်ရမယ်ဆို ၉ ခေါက်အမြန်ပြီးအောင်ကမန်းကတန်းဆိုသွားတဲ့အတိုင်းပဲ ဂုဏ်တော် သာပြီးသွားတယ်ဘာမှန်းမသိလိုက်ဘူး ဒီတော့ တရား ဂုဏ်တော် တွေကိုနာယူချင်လို့ရောက်ရှိလာတဲ့အထဲကမြင်အပ်မမြင်အပ် မြင်ရမမြင်ရပုဂ္ဂိုလ်တွေနဲ့နတ်ဗြဟ္မာတွေက တရား ဂုဏ်တော် ကိုဘယ်ကစပြီးဘယ်နားကိုဘယ်လိုနာလို့နာရမှန်းမသိလည်းဖြစ်ရင်ဖြစ်သွားပေမပေါ့ ဒါကြောင့် ဂုဏ်တော် တွေရွတ်ဆိုစီးဖြန်းတဲ့အခါမှာပီသပါ ကြည်လင်ပြတ်သားစွာနဲ့ရွတ်ဆိုပူဇော်ဖို့အထူးလိုအပ်ပါတယ် ပြီးရင် နတ်တွေ ဗြဟ္မာတွေကို အမျှပေးဝေရပါတယ် တရားဂုဏ်တော်ရွတ်ဆိုမှုအပြီးမှာအခြားသောမိမိပြုခဲ့တဲ့ကောင်းမှုကုသိုလ်အစုစုတို့ကိုလေးနက်စွာအမျှအတန်းပေးဝေရာမှာ အနီးကပ်ဆုံးမိမိ၏ကိုယ်စောင့်နတ်မှစတင်၍ အခန်းစောင့်နတ်၊ အိမ်စောင့်နတ် ၊ခြံစောင့်နတ် ၊ ဝင်းစောင့်နတ် ၊ရုက္ခစိုး အစရှိသူတွေနဲ့တရားနာလာကြကုန်သော နတ်အပေါင်းကိုလေးနက်စွာအမျှအတန်းပေးဝေသာဓုခေါ်ပေးရန်လိုအပ်ပါတယ်

(၅) စံချိန်ကိုက်ပြီ ဆိုရင် အခန်းထဲ မှာ မွှေးကြိုင်နေပါလိမ့်မယ်နော်

ဆိုလိုတာကတော့အချိန်မှန်ဂုဏ်တော်တွေကိုအထက်ပါအတိုင်းတိတိကျကျရွတ်ဆိုပူဇော်မှုပြုလုပ်လာတဲ့အခါထူးခြားတဲ့အမွှေးရနံ့လေးတွေကိုရရှိလာပါလိမ့်မယ်။ တစ်ခေါက်တစ်လေနဲ့တော့မထူးခြားနိုင်သလို ၃ လ လောက်စံချိန်ကိုက်လေးအချိန်မှန်ရွတ်ဆိုပူဇော်ကြည့်ပါ ဒါကြောင့် ဂုဏ်တော် တွေရွတ်ဆိုပူဇော်တဲ့အခါယခု့အတိုင်းသာစံချိန်စံညွှန်းကိုက်လေးရွတ်ဆိုပူဇော်မယ်ဆိုပါက မအောင်မြင်နိုင်ဘူး ဆိုတာမရှိပါဘူး

Facebook Comments

78 Shares

Comments are Closed

Powered by M.N.T