National News

why Open the case to the actress May Than Nu about saying Daw San San Myint
သရုပ်ဆောင်မေသန်းနုကို တရားစွဲရတဲ့အကြောင်း တရားလိုထုတ်ပြော

သရုပ်ဆောင်မေသန်းနုကို တရားစွဲရတဲ့အကြောင်း တရားလိုထုတ်ပြောဇန်နဝါရီ – ၂ ၊၂၀၂၀လိမ်လည်မှု နဲ့ တရားရင်ဆိုင်ခဲ့ရတဲ့ သရုပ်ဆောင်မေသန်းနုကို ရန်ကင်းမြို့နယ်တရားရုံးက ဒီနေ့မှာပဲ ထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်ပါတယ်။ ယူထားတဲ့ငွေကို ပြန်မဆပ်လို့ ဆိုကာ တရားစွဲခဲ့တာဖြစ်တယ်လို့ တရားလို ဖြစ်တဲ့ ဒေါ်စန်းစန်းမြင့်ကပြောပါတယ်။ အမှုနဲ့ပတ်သက်ပြီး အချိန်နဲ့ငွေကြေး ထိခိုက်ရှုံးဆုံးခဲ့ရပြီး ဘဝပျက်တဲ့အထိဖြစ်ခဲ့ရတယ်လို့ လည်း ဒေါ်စန်းစန်းမြင့် ပြောပါတယ်။ဒေါ်စန်းစန်းမြင့် ဟာ သရုပ်ဆောင်မေသန်းနု နဲ့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်လောက်ကတည်း က ရင်းနှီးခဲ့သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။သရုပ်ဆောင်မေသန်းနုရဲ့ ခင်ပွန်းဟောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က သူရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ သားဖြစ်သူရဲ့မိခင် နဲ့ပတ်သက်ပြီး ရင်နဲ့အမျှ ခံစားမိတဲ့အကြောင်းနဲ့ မီဒီယာတွေနဲ့ လိုအပ်တဲ့အချိန်ကျမှ တွေ့ဆုံမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။သရုပ်ဆောင်မေသန်းနုကို တရားစွဲရတဲ့အကြောင်းကိုတော့ တရားရုံးက အမိန့်ချ ပြီးတဲ့နောက် ဒေါ်စန်းစန်းမြင့်ကမီဒီယာ ကိုဖြေကြားခဲ့ပါတယ်။ရုပ်သံသတင်းထောက် – အေးမြတ်

Posted by 7Day TV on Thursday, January 2, 2020
3K Shares

Comments are Closed

Powered by M.N.T

3K Shares
Share3K