ပြည်တွင်းသတင်း

ဦးဝီရသူနဲ့ ပတ်သတ်တဲ့ သတင်းကို ကိုသီရိကဖော်ကောင် လုပ်လိုက်ပြီ

hguoieutj

ဝီရသူကို အကြောင်း ကိုသီရိ ဖော်ကောင်လုပ်ပြီ

hguoieutj

မေလ ၂၀ ရက်နေ့က နေပြည်တော်မှာ သာသနာရေးဝန်ကြီး သူရဦးအောင်ကို’ကို ဆန္ဒပြခဲ့သည့်ပွဲတွင် ဝီရသူ’အား…,”ဝီရသူဆိုတဲ့ကောင်က ဘုန်းကြီးအတု၊ မစိုးရိမ်တိုက်ကအကောင်၊ သင်္ကန်းခြုံအတု” ဟု…, စင်အောက်မှ အော်ဟစ်ခဲ့သူ ကိုသီရိ’ကို အမျိုးသားရေးလှုပ်ရှားသူများက ဝင်ရောက်လုံးထွေး ဖမ်းဆီးခဲ့ပြီး ရဲလက်သို့ အပ်ခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသည်။ရဲလက်ကို မအပ်ခင်မှာ အမျိုးသားရေးအဖွဲ့က သံဃာတော်တွေ စစ်ဆေးခဲ့သည့်ဖိုင်မှာ လိုင်းပေါ်တွင် ပျံ့နှံ့ပြီးသား ဖြစ်ပါပြီ။

ရဲစခန်းတွင် လာရောက်မေးမြန်းသည့် သတင်းထောက်များကို ကိုသီရိ’မှ အမျိုးသားရေးလှုပ်ရှားသူများရဲ့ လုပ်ရပ်တွေကို ဖော်ကောင်လုပ်လိုက်ပါပြီ။နေမျိုးဝေ’ဟာ လယ်ယာမြေတွေကို အစိုးရက သိမ်းဆည်းစဉ်ကာလက လယ်သမားများဖက်မှ မားမားမတ်မတ် ရပ်တည်ဟန်ပြပြီး တောင်သူလယ်သမားများ၏ လယ်ယာမြေများကို ဈေးပေါပေါဖြင့် ဝယ်ယူခဲ့ကြောင်း၊မသိနားမလည်သူ တောင်သူလယ်သမားများက အသိမ်းမခံရပဲ ငွေပြန်ရလျှင်ပြီးရောဟု နေမျိုးဝေ’ကို ယုံယုံကြည်ကြည်ဖြင့် ဖြစ်သလို ရောင်းချခဲ့သည့် လယ်ယာမြေများကို နေမျိုးဝေ’က ပါးစပ်နဲ့ဝယ်ယူပြီး ဇေကမ္ဘာဦးခင်ရွှေ’ထံ တဆင့်ရောင်းချခဲ့ကြောင်း၊

hguoieutj

၎င်းကာလတွင် နေမျိုးဝေ’၏ ကိုယ်ပိုင်ငွေကြေးမှာ ငွေ ၅ သိန်းပင် မရှိခဲ့သော်လည်း ခရိုနီများနှင့် လက်ဝါးရိုက်ပြီး လယ်မြေများကို ပွဲစားသဖွယ် လှုပ်ရှားလာခဲ့ရာမှ သိန်းပေါင်းသောင်းချီပြီး, တစ်နှစ်ကျော်အတွင်း ဝင်ငွေရရှိခဲ့၍ ယခုနေထိုင်ရာ ဘားလားရှိခြံကို ဝယ်ယူနိုင်ခဲ့ပြီး ခေတ်မီ အဆောင်အယောင်အပြင် ရေကူးကန်ပါ တည်ဆောက်နိုင်ခဲ့ပြီဖြစ်သည်။ထို့အပြင် ဇေကမ္ဘာဦးခင်ရွှေ’မှ ဆန္ဒပြပွဲများပြုလုပ်ရန် နောက်ကွယ်မှ ငွေကြေးများကူညီပံ့ပိုးခဲ့သဖြင့် စပွန်ဆာကောင်းကောင်းနဲ့ ဝင်ငွေကောင်းခဲ့သည်ကို သူ၏ယောက်ဖ သက်မျိုးဦး’မှ ဝင်းကိုကိုလတ်’ကို ဖောက်သည်ချမိရာတွင် ဝင်းကိုကိုလတ်’နှင့် သက်မျိုးဦး’တို့ ပေါင်းမိသွားခဲ့ပါသည်။

ထိုဖြစ်ရပ်ပြီးသည့်နောက်တွင် အဖွဲ့ဝင်အချင်းချင်း စည်းဖောက်ခဲ့ကြသဖြင့် ဆရာတော်ဦးပါမောက္ခ အပါအဝင် ပြည်ပတွင်နေထိုင်သော ”ရှင်မင်းယာ” အကောင့်ပိုင်ရှင်၊ ”ဆံပင်ရှည်ချစ်သူ” ဟု အကောင့်ဖွင့်ထားသည့် ရဟန်းတစ်ပါး၊ ဝင်းကိုကိုလတ်၊ သက်မျိုးဦးတို့ အမျိုးသားရေးကို လှုပ်ရှားသည့်အဖွဲ့များ ရံပုံငွေစာရင်းကို အကြောင်းပြုပြီး ခွာလန်ပြဲသည့်အထိ ဖြစ်ရပ်များြဖြစ်ခဲ့ရသည်။

hguoieutj

မကြာမီတွင် နေမျိုးဝေ’အား ၆၆(ဃ)ဖြင့် တရားစွဲခံရသည့်အချိန်တွင် ဝင်းကိုကိုလတ်’နှင့် သက်မျိုးဦး’တို့ခွဲထွက်ခဲ့ပြီး နေမျိုးဝေ’ဦးဆောင်သည့် ဆန္ဒပြပွဲများကို အစားထိုး ဝင်ရောက်လှပ်ခဲ့သဖြင့် နေမျိုးဝေ’၏ရုံးချိန်းတွင် အချင်းချင်း စကားများခဲ့သော်ကြောင့် နေမျိုးဝေ’မှာ စိတ်ဓါတ်ကျဆင်းပြီး wheel chair နှင့် သွားလာခဲ့သည့်အဖြစ်ထိ ကျန်းမာရေးချို့တဲ့ သွားခဲ့ရပါတော့သည်။

အမျိုးသားရေးလုပ်ငန်းများကို ဝင်းကိုကိုလတ်’က ခရိုနီများ၏ စပွန်ဆာပံ့ပိုးမှုကြောင့် အိမ်တွင် ကြမ်းပြင်ပေါ် ထမင်းစားနေရသည့်ဘဝမှ နေ့ချင်းညချင်း တိုက်နှင့်ကိုယ်ပိုင်ကားနှင့် နေနိုင်သည့်အဆင့်ကို ရောက်သွားခဲ့သည်။ဝင်းကိုကိုလတ်’၏ ပင်မစီးပွားရေးမှာ မိတ္တူကူးဆိုင်ဖွင့်ပြီး ထမင်းနပ်မမှန်သည့်အဖြစ်မှ သူဌေးတစ်ဦးအဖြစ်သို့ ကူးပြောင်းသွားခဲ့ပါတော့သည်။ဝီရသူ’ဟာ သင်္ကန်းခြုံသံဃာအတုဖြစ်ကြောင်း မိမိဘာကြောင့် ပြောရဲသလဲဆိုရင်…! ဒီနေ့ မန္တလေးမြို့တွင် ဖြစ်ပျက်နေသည့် ရာဇဝတ်များ၏ အဓိကတရားခံမှာ ဝီရသူ’ဖြစ်ကြောင်း မန္တလေးမြို့ အနီးပတ်ဝန်းကျင်များတွင် တရားပွဲများဟောပြောခဲ့ပြီး မျိုးချစ်လူငယ်အဖွဲ့ (၉၆၉လူငယ်အဖွဲ့) ဖွဲ့စည်းပြီး လူငယ်များကို လူစုခဲ့သူဖြစ်သည်။

hguoieutj

ဝီရသူ’ကို မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော် အတော်များများက လက်မခံကြောင်း မစိုးရိမ်တိုက်တွင် စာချသည်မှလွဲပြီး တခြားလှုပ်ရှားမှုများ မပြုလုပ်ရန် တားမြစ်ခံထားရပြီး ဝီရသူ’အမှန်တကယ် လှုပ်ရှားခဲ့သည့်ကျောင်းမှာ မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးမှ ဝီရသစ္စာကျောင်းတိုက်သည် ဝီရသူ’၏ ကိုယ်ပိုင်လုပ်ခွင့်ရ ကျောင်းတိုက်ဖြစ်သည့်အပြင် ၉၆၉ စတစ်ကာများ၊ ၉၆၉ ခေါင်းစီးများနှင့် အခြားသော လှုပ်ရှားမှုများ၏ ပင်မဌာနချုပ်ဖြစ်ကြောင်း မန္တလေးမြို့အနီးဝန်းကျင်ရှိ လူငယ်များကို စုစည်းပြီး သစ္စာခံခိုင်းသည့်အပြင် မန္တလေးမြို့ ပဋိပက္ခဖြစ်စဉ်တွင် လူငယ်များကို မူးယစ်ဆေးဝါးများတိုက်ကျွေးပြီး ဖျက်ဆီးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့် စီမံညွှန်ကြားရာနေရာပင်ဖြစ်သည်။

hguoieutj

မန္တလေးအနီးဝန်းကျင်မှ လူငယ်များကို ငွေကြေးထောက်ပံ့ပေးပြီး မူးယစ်ဆေးဝါးများကို နောက်ကွယ်မှ ဆေးစွဲအောင် လုပ်ခဲ့သူဖြစ်သည်။ယခုအခါ ၉၆၉ လှုပ်ရှားမှုများ အရှိန်ရပ်တန့်သဖြင့် ဆေးစွဲလူငယ်များကို ထောက်ပံ့ကူညီမှု မပေးနိုင်တော့သဖြင့် ဆေးစွဲလူငယ်များမှာ မန္တလေးမြို့အနှံ့ ရာဇဝတ်မှုများကျူးလွန်ပြီး မန္တလေးမှာ အရင်လို လုံခြုမှုမရှိတော့ခြင်း၏ အဓိကတရားခံမှာ ဝီရသူ’သာဖြစ်သည်။ မန္တလေးမြို့ထဲအထိ ပြစ်မှုကျူးလွန်သော တရားခံအများစုမှာ ပုသိမ်ကြီးမြို့နယ်က လူငယ်များဖြစ်နေခဲ့သည်ကို ရဲမှတ်တမ်းတွင် တွေ့မြင်နိုင်ကြောင်း၊

လူငယ်များ ဆေးစွဲအောင် မူးယစ်ဆေးဝါးများကို ပြင်ဦးလွင် စစ်တက္ကသိုလ်မှာနေထိုင်သည့် ကိုဂျွန်’ဆိုသော facebook အကောင့်ပိုင်ရှင်က မူးယစ်ဆေးဝါးများကို ဖြန့်ဝေနေသောသူဖြစ်ကြောင်း၊ဝီရသူ’၏ အဓိကစပွန်ဆာမှာ သူဌေးမကြီး ဒေါ်ပေါရွှေ၊ ရခိုင်မှ ဓါတ်ဆီဆိုင်ပြပြီး မူးယစ်ဆေးဝါးများ ရောင်းချသည့် လုင်ငန်းဖြင့် ကြီးပွားနေသော ရခိုင်လူမျိုး ဦးကျောက်တောင်’အပြင် ရှုံးးနိမ့်သောပါတီမှ လူကြီးပိုင်းခရိုနီများက ပံ့ပိုးကူညီနေသည့်အပြင် လက်နက်ကိုင် အဖွဲ့အစည်းများက မူးယစ်ဆေးဝါး ထောက်ပံ့နေခဲ့ကြောင်း၊

hguoieutj

ဝီရသူ’ကိုယ်တိုင်ပင် မူးယစ်ဆေးဝါး သုံးစွဲသည့်အဆင့် ရှိသူပင်ဖြစ်သည်။ မန္တလေးမြို့ သင်ပန်းကုန်းရပ်ကွက်တွင် နာမည်ကြီးသွားသော ခွေးနှင့်ယူခိုင်းသည့် တရားပွဲတွင် မူးယစ်ဆေး သုံးစွဲထားသည်ကို ဒေသခံများသိရှိသဖြင့် သတင်းဖုံးအုပ်ခဲ့ရသည်ကို ဒေသခံများအား မေးလျှင် သိနိုင်ကြောင်း ဖွင့်ဟ ပြောကြားသွားသည့်အပြင် သတင်းအချက်အလက်နှင့် ပတ်သက်ပြီး မိမိတာဝန်ယူကြောင်း၊ဝီရသူ’အား တရားစွဲလိုသည့် မည်သည့်အဖွဲ့အစည်းကိုမဆို အထောက်အထား ပြည့်ပြည့်စုံစုံ ချပြကူညီမည်ဟု ကိုသီရိ’မှ သတင်းလာရောက်ယူသူများကို ဖြေကြားသွားခဲ့ပါသည်။

ကိုသီရိ (Phone _ 09778050543)

Zawgyi Font


hguoieutj



hguoieutj


ထိုဖြစ်ရပ်ပြီးသည့်နောက်တွင် အဖွဲ့ဝင်အချင်းချင်း စည်းဖောက်ခဲ့ကြသဖြင့် ဆရာတော်ဦးပါမောက္ခ အပါအဝင် ပြည်ပတွင်နေထိုင်သော ”ရှင်မင်းယာ” အကောင့်ပိုင်ရှင်၊ ”ဆံပင်ရှည်ချစ်သူ” ဟု အကောင့်ဖွင့်ထားသည့် ရဟန်းတစ်ပါး၊ ဝင်းကိုကိုလတ်၊ သက်မျိုးဦးတို့ အမျိုးသားရေးကို လှုပ်ရှားသည့်အဖွဲ့များ ရံပုံငွေစာရင်းကို အကြောင်းပြုပြီး ခွာလန်ပြဲသည့်အထိ ဖြစ်ရပ်များဖြစ်ခဲ့ရသည်။

hguoieutj



hguoieutj


hguoieutj



hguoieutj



မှတ်ချက်ရေးရန်

Comments are Closed

Powered by K MEDIA

15K Shares
Share15K
Tweet
Share
Pin